News

"၇.၁၂.၂၀၁၉ စနေနေ့" မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်း ဒုတိယဆုရ အေးအေးအောင်နှင့် ခင်ခင်စုတို့အား USD 500 စီ နှင့်
တတိယဆုရ အောင်ဇေယျထွန်းနှင့် စောမိုင်းစံ ချစ်မင်းမင်းကို တို့အား USD 200 စီ ဈေးသုံးမုန့်ဖိုး စုစုပေါင်း USD 1600 ချီးမြှင့်ခဲ့ပါသည်။

"၅.၁၂.၂၀၁၉ နေ့" ဖိလစ်ပိုင်ဆီးဂိမ်းမ် ၂၀၁၉ ၌ မြန်မာဂျူဒိုအားကစားသမားများ ထိခိုက်ဒါဏ်ရာရရှိမှုများအား ဂျပန်နိုင်ငံ တိုကျိုမြို့အခြေစိုက် Park Trainer Association မှ ဆရာများက အနီးကပ် စောင့်ရှောက် ကူညီပေးခဲ့ကြပါသည်။

"၅.၁၂.၂၀၁၉ ကြာသပတေး" ဖိလစ်ပိုင် ဆီးဂိမ်းမ် ၂၀၁၉ ၌ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ နိုင်ငံအတွက် ခင်ခင်စု ဒုတိယ ငွေတံဆပ် နှင့် အောင်ဇေယျာထွန်း တတိယ ကြေးတံဆိပ် ဆုတို့အား ကြိုးစား ရယူပေးခဲ့ပါသည်။

"၅.၁၂.၂၀၁၉" New Light of Myanmar ဖိလစ်ပိုင် ဆီးဂိမ်းမ်းတွင် ဂျူဒို ခတ ပြိုင်ပွဲ၌ မြန်မာဂျူဒိုအားကစားသမား(၂)ဦး တတိယဆုတံဆိပ်ရရှိသတင်းအား ကူးယူဖေါ်ပြ အပ်ပါသည်။

"၄.၁၂.၂၀၁၉ နေ့" မြန်မာဂျူဒိုအသင်းမှ မိုင်းစံနှင့်ချစ်မင်းမင်းကို NageNo Kata ပြိုင်ပွဲ၌ တတိယဆု ရရှိခဲ့ပါသည်။

"၃.၁၂.၂၀၁၉ အင်္ဂါနေ့" မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်း ဖိလစ်ပိုင်နိုင်ငံ New Clark City Athletes Village ၌ ရောက်ရှိနေသော မြန်မာဂျူဒိုအဖွဲ့ San Fernando City ရှိ Laus Group Event Centre သို့ သွားရောက်လေ့ကျင့်ရန်
ဖိလစ်ပိုင် အားကစားကော်မတီမှ ကားစီစဉ်ပေးခြင်းမရှိ၍ ကားများငှားပြီး သွားရောက် လေ့ကျင့်စေခဲ့ပြီး ကြည့်ရှု အားပေးခဲ့ပါသည်။

"၂၉.၁၁.၂၀၁၉ သောကြာနေ့" ဟန်ဂေရီနိုင်ငံ ရှိ အပြည်ပြည်ဆိုင်ရာဂျူဒိုအဖွဲ့ချုပ် IJF သည် မြန်မာနိုင်ငံရှိကလေးငယ်များကို ဂျူဒိုမှတဆင့် လူမှုရေး၊ပညာရေးနှင့်ကိုယ်လက်ကြံ့ခိုင်မှု ဆိုင်ရာ အရည်အသွေးများကို သင်ကြားပေးရန်အတွက်
မြန်မာနိုင်ငံရှိကျောင်းများ၌ JUDO IN SCHOOL အစီအစဉ်အား မြန်မာနိုင်ငံရှိ ဂျူဒိုအဖွဲ့ချုပ် အပါအဝင် တာဝန်ရှိသူများနှင့် ပူးပေါင်းအကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ဦးအောင်ဇော်ထွန်း၊ ဘဏ္ဍာရေးမှူး ဦးမင်းဇော်ထွန်း၊ အတွင်းရေးမှူး ဦးထေ...

"၂၅.၁၁.၂၀၁၉ နေလည် ၁ နာရီ" ၃၀ ကြိမ်မြောက် ဆီးဂိမ်းမ်အောင်နိုင်ရေးအလံပေးအပ်ပွဲအား နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘီ ရုံ ၌ ပြုလုပ်ကျင်းပခဲ့ရာ နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် ၍ အောင်နိုင်ရေးအလံအား
ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသို့ ပေးအပ်ခဲ့ပါသည်။ ဂျူဒိုအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ဦးကျော်ဝင်းဦး အဖွဲ့ခေါင်းဆောင်နှင့်အားကစား မောင်မယ်များလည်း တက်ရောက်ခဲ့ပါသည်။

"၂၄.၁၁.၂၀၁၉ နံနက် ၆ နာရီ" မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်း+ဇနီး ဒေါ်ဝေဝေတို့မှ ဦးဆောင်၍ ဆီးဂိမ်းမ်ပြိုင်ပွဲ သွားရောက်မည့်အဖွဲ့ခေါင်းဆောင် ဒုတိယဥက္ကဌ ဦးကျော်ဝင်းဦး နှင့်  ပြိုင်ပွဲဝင်ရောက်မည့် အားကစား မောင်မယ်များ၊ဒုတိယဥက္ကဌများ၊ အမှုဆောင်များ၊ အတွင်းရေးမှူး အဖွဲ့ဝင်များ၊ဂျပန် နည်းပြဆရာများပါဝင်သောအဖွဲ့သည် ရွှေတိဂုံဘုရားအား ဖူးမျှော်ကန်တော့ခဲ့ကြပြီး အောင်မြေနင်းခဲ့ကြပါသည်။ အပြန်၌ ဥက္ကဌမှ Feel ဆိုင်၌ဂျပန် နည်းပြဆရာများ၊အားကစားမောင် မယ်များအား ဧည့်ခံ ကျွေးမွေးခဲ့ပါသည်။

"၂၃.၁၁.၂၀၁၉ နံနက် ၁၁ နာရီ" အားကစားနှင့်ကာယပညာဦးစီးဌာန  ဒုတိယညွန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး(ဒုတိယဥက္ကဌ၊မြန်မာ နိုင်ငံဂျူဒိုအဖွဲ့ချုပ်)သည် ဂျူဒိုအဖွဲ့ချုပ်၌ ဆီးဂိမ်းအောင်နိုင်ရေး ပူးတွဲလေ့ကျင့်နေမှုများအား လာရောက်ကြည့်ရှု အားပေးခဲ့ပါသည်။