News

"၁.၂.၂၀၂၀ နေ့" မှ စတင်၍ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် လေ့ကျင့်ရေးစခန်း အမျိုးသားရေကူးကန်ဝန်း ဦးဝိစာရလမ်း၊ရန်ကုန်မြို့၌ ဂျူဒိုအားကစားနည်း သင်းတန်းအားဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ရာ ဝါသနာပါသည့် သင်ယူလိုသူ မည်သူမဆို
အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်၍ သင်ယူနိုင်ပါသည်။
Ustl
ဦးစည်သူဇော်
တွဲဘက်အတွင်းရေးမှူး
(လေ့ကျင့်ရေး)
၀၉ ၇၃၁ ၂၉၁ ၄၅
၀၉ ၄၅၁ ၇၁၀ ၆၈၂

"၃၀.၁.၂၀၂၀ ကြာသပတေးနေ့" မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ၏ ဂျူဒိုအားကစား တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန် လမ်းညွှန်မှုများ အရ အတွင်းရေးမှူး ဦးထွေးဦး ဦးဆောင်သော အဖွဲ့ဝင်များသည် Yagon Technological University
Judo Club သို့ သွားရောက်ခဲ့ကြပြီး SENSEI JIGORO KANO SHIHAN ၏ ဓာတ်ပုံ၊အဖွဲ့ချုပ် Logo၊ YTU Logo နှင့်နည်းစနစ် ဗွီနိုင်းများအား CLUB ဖွင့်ပွဲ အထိမ်းအမှတ်တပ်ဆင်ပေးကာ ဂျူဒိုနည်းစနစ်များအား သင်ကြား ပြသပေးခဲ့ကြပါသည်။ ဂျပန်နိုင်ငံသို့ ၂၀၁၉ JENESYS EXCHANGE Program အစီအစဉ်ဖြင့် သွ...

"၂၆.၁.၂၀၂၀ နံနက် ၁၀ နာရီ" မြန်မာနိုင်ငံဂျူဒိုအဖွဲချုပ် အတွင်းရေးမှူး ဦးထွေးဦး ဦးဆောင်၍ စုစုပေါင်း ဆရာ(၄)ဦးမှ Yangon Technogical University ၏ ဒုတိယနေ့ ဂျူဒိုသင်တန်းအား သင်ကြားပေးခဲ့ပါသည်။

"၂၃.၁.၂၀၂၀ ကြာသပတေးနေ့" မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်း ၏ လမ်းညွှန် တာဝန်ပေးအပ်ချက်အရ အတွင်းရေးမှူး ဦးထွေးဦး ဦးဆောင်သောအဖွဲ့သည် YTU သို့ သွားရောက်ခဲ့ပြီး Rector Dr.Myint Thein နှင့် တွေ့ဆုံကာ YTU ၌ ဂျူဒိုအားကစား ဖွင့်လှစ်သင်ကြားနိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။ YTU အားကစားတာဝန်ခံ ဆရာ ဦးဇော်မျိုးထက် YTU ဂျူဒိုအားကစား တာဝန်ခံ ကိုထက်ဝေယံထွန်း ဒုတိယတာဝန်ခံ ကိုရဲရင့်အောင် တို့ လည်း တက်ရောက်ခဲ့ကြပါသည်။

"၂၄.၁၂.၂၀၁၉ အင်္ဂါနေ့" မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်း အား မွန်ပြည်နယ်ဂျူဒိုဆပ်ကော်မတီ ဥက္ကဌ ဦးအောင်နိုင် မှ ရန်ကုန်မြို့ ဥက္ကဌ နေအိမ်၌ လာရောက်တွေဆုံခဲ့ရာ ဥက္ကဌ မှ နွေးထွေးစွာကြိုဆိုခဲ့ပြီး မွန်ပြည်နယ်၌ ဂျူဒိုအားကစား ယခုထက်ပိုမို အောင်မြင်ရေး ကြိုးစားဆောင်ရွက် နေမှုများအား အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
JUDO IN SCHOOL အား မွန်ပြည်နယ် ၌ အောင်မြင်စွာ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး အတွက်လည်းဆွေးနွေးခဲ့ကြပြီး ဥက္ကဌ မှ အမှတ်တရ လက်ဆောင် ပေးအပ်ခဲ့ပါသည်။

"၂၁.၁၂.၂၀၁၉ စနေနေ့၊နံနက် ၉ နာရီ" JUDO IN SCHOOL ဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်နေသော မြန်မာနိုင်ငံဂျူဒိုအဖွဲ့ ချုပ် ဥက္ကဌ ဦးထွန်းထွန်း ဦးဆောင်သည့် အဖွဲ့ဝင်များသည် မန္တလေးမြို့သို့ သွားရောက်ခဲ့ပြီး အားကာသိပ္ပံ(မန္တလေး)၌
အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အဖွဲ့သည် ဖေါင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေး တွဲဘက်အထက်တန်း ကျောင်းသို့ ထွက်ခွာခဲ့ကြပြီး ဆရာတော်နှင့်တွေ့ဆုံကာ သင်္ဃန်းနှင့် ဝတ္တုငွေများကို ကပ်လှူခဲ့ကြပါသည်။...

"၁၉.၁၂.၂၀၁၉ ကြာသပတေးနေ့" မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်း အား စံတော်ချိန်နေ့စဉ် သတင်းစာမှ  အဖွဲ့ချုပ်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ၍ Judo in School နှင့်ပါတ်သက်ပြီး ဆောင်ရွက်နေမှုများနှင့်အဖွဲ့ချုပ်၏ ဂျူဒိုအားကစားနှင့်ပါတ်သက်၍ တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်နေမှုများအား မေးမြန်းသတင်းရယူခဲ့ပါသည်။

"၁၂.၁၂.၂၀၁၉ ကြာသပတေးနေ့" မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် နည်းပြ/ဒိုင် နှင့် ၂၀၁၉ ပထမအကြိမ် ကိုဒိုကန်ဒါန် ခါးစီးစာမေးပွဲ အတွက်သင်တန်း ဖွင့်ပွဲအခမ်းအနား အား အဖွဲ့ချုပ်ခန်းမ၌ ပြုလုပ်ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်း နှင့်
ဒုတိယဥက္ကဌများ၊ အားကာသိပ္ပံ ရန်ကုန်မှ ဒုညွှန်ကြားရေးမှူးဦးဗလကျော်သူ နှင့်တာဝန်ရှိသူများ၊အဖွဲ့ချုပ် အလုပ်အမှုဆောင်များနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊သင်တန်းသား/သူများ စုံလင်စွာ တက်ရောက်ခဲ့ကြပြီး ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်သည်...

"၇.၁၂.၂၀၁၉ နေ့" ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်း၌ မြန်မာဂျူဒိုအဖွဲ့ ဆုတံဆိပ်ရရှိ ခဲ့မှုများနှင့် အမှတ်တရပုံရိပ်များ...

"၇.၁၂.၂၀၁၉ နေ့" ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းမ်း ဂျူဒိုအားကစားပြိုင်ပွဲ၌ ဒိုင်တာဝန်ထမ်းဆောင်ခဲ့သည့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တွဲဘက်အတွင်းရေးမှူး ဦးစည်သူဇော် နှင့် မြန်မာနည်းပြချုပ် ဦးဥာဏ်စိုး တို့ အစည်းအဝေးတက်ရောက်စဉ်.....