Myanmar Judo Federation
News

"၁၅.၃.၂၀၂၀ နံနက် ၉ နာရီ" မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ၌ အလုပ်အမှုဆောင်အစည်းအဝေး ပြုလုပ်ခဲ့ပြီး JUDO IN SCHOOL လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေး နှင့် အားကစားသမားရွေးချယ်ရေး မူသတ်မှတ်ရေး အပါအဝင် ဂျူဒို
အားကစားပိုမိုတိုးတက်အောင်မြင် အောင် ဆောင်ရွက်ရန်အတွက် ဆွေးနွေးခဲ့ကြပါသည်။

"၁၄.၃.၂၀၂၀ နေ့" "ဂုဏ်ယူဝမ်းမြောက်ခြင်း" ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်နယ်အစိုးရအဖွဲ့၊မွန်ပြည်နယ်၏ အမိန့် ကြော်ငြာစာအမှတ် ၅/၂၀၂၀ ရက်စွဲ ၉.၃.၂၀၂၀ ဖြင့်အားကစားထူးချွန်မှု ဂုဏ်ထူးဆောင်
ဆု ချီးမြှင့်အပ်နှင်းခြင်းခံရသော ဦးအောင်နိုင် (ဥက္ကဌ၊မွန်ပြည်နယ် ဂျူဒိုဆပ်ကော်မတီ)အား ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဖေါ်ပြအပ်ပါသည်။
မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်

"၁၀.၃.၂၀၁၉ နေ့" မြန်မာနိုင်ငံဂျူဒိုအဖွဲ့ ချုပ်၏ ဂျူဒိုပြိုင်ပွဲများတွင် အသုံးပြုရန်အတွက် Myitkyina University Judo Club မှ ပြည်နယ်အလံ၊ University Flag နှင့် Club Logo ပေးပို့လာခြင်းအား ကျေးဇူးတင်စွာ ဖြင့် ဖေါ်ပြအပ်ပါသည်။

"၈.၃.၂၀၂၀ နေ့ " ရန်ကုန်နည်းပညာတက္ကသိုလ် ဂျူဒိုအခြေခံသင်တန်းအပတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲနှင့်ခါးစည်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့(၈.၃.၂၀၂၀) တွင် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် မှ ကြီးမှူး၍အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။သင်တန်းဆင်းပွဲသို့ ကြွရောက် ချီး မြှင့်ပေးပါသော ဧည့်သည်တော်များ၊မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်မှ လူကြီး မင်းများ နှင့် YU,TTU,NMDC မှ ဂျူဒိုညီအစ်ကိုမောင်နှမ များအားလုံးကို လည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယနေ့ ၇.၃.၂၀၂၀ (စနေနေ့)တွင် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ ချုပ် အတွင်းရေးမှူး ဦးမောင်မောင်ထွေးဦးမှဦးဆောင်၍ ခါးစည်းစစ်ပွဲ ကိုသင်တန်းသား(၂၈) ဦးဖြင့်ကျင်းပ ပြုလုပ်ခဲ့ပါသည်။

"၂၉.၂.၂၀၂၀" မော်လမြိုင်တက္ကသိုလ်ဂျူဒိုကလပ် အပတ်စဉ်(၅) သင်တန်းဆင်းပွဲ

"၂၇.၂.၂၀၂၀ နေ့" Myitkyina University Judo Club မှ (၁/၂၀၂၀)ပြည့်နှစ် ဂျူဒိုအခြေခံသင်တန်းအားအောင်မြင်စွာ ကျင်းပပြီးစီးသွားပြီးဖြစ်ပါသည်။ မြက်ဖျာ၊ ဂျူဒိုကီ နှင့် နည်းပြပိုင်းတွင် ပါဝင်ကူညီပေးပါသော မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် ဂျူဒိုအသင်းအား အထူးပင်ကျေးဇူးတင်ရှိပါသည်။ ဆက်လက်လေ့လာလေ့ကျင့်ဖို့ရန်အတွက် ပြည်နယ်အားကစားကွင်းနှင့် တပ်(၃၇) နန်းကွေ့တွင်လည်း ပြန်လည်သင်ကြားနိုင်ပါသည်။

"၅.၂.၂၀၂၀ နေ့လည်(၃) နာရီ" မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်း သည် အဖွဲ့ချုပ် နာယက FUJITA SENSEI ၏ မိတ်ဆွေ MR.SHIOTANI YOUHEI လာရောက် တွေ့ဆုံနှုတ်ဆက်ခြင်းအား အဖွဲ့ချုပ်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
MR.SHIOTANI YOUHEI သည် ဂျူဒိုအားကစား ကစားခဲ့သူတစ်ဦး ဖြစ်ပြီး SHIOTANI CONSTRUCTION CO.,Ltd ၏ ဥက္ကဌ လည်း ဖြစ်ပါသည်။ မြန်မာဂျူဒိုအားကစားမောင်မယ်များအား Culture Exchange အစီအစဉ်ဖြင့် ဂျပန်နိုင်ငံသို့
ဖိတ်ခေါ်ချင်သည့် အစီအစဉ်များကိုလည်းတင်ပြခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ EC အဖွဲ့...

"၅.၂.၂၀၂၀ ဗုဒ္ဓဟူးနေ့ နံနက် ၅ နာရီ" မြန်မာနိုင်ငံဂျုဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်း+ဇနီး ဒေါ်ဝေဝေ မိသားစုတို့ တည်ထား ကိုးကွယ်မည့် မနော်ဟရီ ရွှေစေတီတော် ၏ ထီးတော်၊ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့အား ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး ၌ ရင်ငွေ့လှုံပူဇော်ထားပြီး စေတီတော် ကြီးအား ထီးတော်တင်ရန်အတွက် ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ မန်စီမြို့သို့ ပင့်ဆောင်မည် ဖြစ်ပါသည်။

"၃.၂.၂၀၁၉ တနင်္လာနေ့" အားကာသိပ္ပံကျောင်း (၆)ကျောင်း၏ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ သုံးသပ်ခြင်းနှင့် ပြုပြင်ပြောင်လဲရေး အလုပ်ရုံဆွေးနွေးပွဲ ဂျူဒိုအဖွဲ့ ချုပ်သို့ ဖိတ်ကြားလာခြင်းအား ဆွေးနွေးရန်အတွက် အဖွဲ့ ချုပ်မှ တွဲဘက်အတွင်းရေးမှူး ဦးစည်သူဇော်အား ရွေးချယ်စေလွှတ်ပြီး တင်ပြရန်အချက်များအား EC အစည်းအဝေး၌ ဆွေးနွေးခဲ့ကြပါသည်။