History Of Judo

History Of Judo

နိဒါန်း

                   မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တစ်မျိုးသားလုးံ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်နှင့် မြန်မာလက်ရွေးစင်ဂျူဒိုအားကစားသမားများပေါ်ထွက်လာစေရေးကို အထူးအလေးပေးဆောင်ရွက်သွားစေရန် စီမံချက်များ ချမှတ်ဆောင်ရွက်လျှက်ရှိပေသည်။

ဤစာတန်းငယ်သည် ဂျူဒိုအားကစားသမားများ သာမက ဂျူဒိုဝါသနာရှင်များပါ လေ့လာဖတ်ရှုရန်အတွက် မှတ်တမ်းတစ်ခုအဖြစ် ရေးသားတင်ပြရခြင်းဖြစ်ပါသည်။

 

သမိုင်းအကျဉ်းချုပ်

ကမ္ဘာသမိုင်း

                  ဂျူဒိုအားကစားနည်းသည် ဂျန်ပန်လူမျိုးများ၏ အမျိုးသားကိုယ်ခံပညာဖြစ်တဲ့ ဂျူဂျစ်ဆုပညာမှ တဆင့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သုတေသနဖော်ထုတ်ချက်အရ ခရစ်မပေါ်မီ (၂၀) ခုနှစ်၊ (BC 20) ၁၁ ဆက်မြောက် “ ဆူအီနင်း’’ ဘုရင်လက်ထက်ကစတင်ပေါ်ပေါက်ခဲ့တယ်လို့ မှတ်တမ်းများအရ သိရှိရပါသည်။ ခရစ်မပေါ်မီ ၇၂၀ ခုနှစ် ၊ (BC 720) တွင်တရားဝင်မှတ်သားထားသော ဂျပန်ဧကရာဇ်မင်းတို့၏ မော်ကွန်းမှတ်တမ်းများအရ BC 230 လောက်က ဂျပန်ပြည်၌ ယနေ့ခေတ် "“ဆူမို"” ခပ်ဆင်ဆင်တူတဲ့ " ချီကာရကူရဘေ့" (Chikara Kurabe) (ခေါ်) အားကစားပြိုင်ပွဲကျင်းပရာ ၎င်းပြိုင်ပွဲများတွင် " ဂျူဂျစ်ဆု" (Jujitsu) အတက်ပညာပါဝင်ကြောင်း အထောက်အထားများအရ တွေ့ရှိရပါသည်။ သို့သော် စနစ်တကျမရှိသေးဘဲ ၊ (၁၅) ရာစုနှစ်အလယ်ပိုင်းလောက်မှ တဖြေးဖြေးစနစ်ကျခဲ့ကြောင်း သိရှိရသည်။

                  (၁၇) ရာစုတွင် “ဂျူဂျစ်ဆု” ပညာများ အခြေတကျစနစ်တကျသင်ကြားပေးသော ကျောင်းများပေါ်ပေါက်လာပြီး ကျောင်းပေါင်း (၂၀) ကျော်ပေါ်ပေါက်ခဲ့သည်။ ဂျူဂျစ်ဆု ပညာသည် (၁၉) ရာစုအစပိုင်းလောက်တွင် အခြေတကျလူသိများကျော်ကြားလာခဲ့သည်။

                  ၁၈၈၈၆ ခုနှစ်တွင် ဧကရာဇ်သေနာပတိ အစိုးရ “တော့ကုဂါဝ” (To Ku Ga Wa) ဆွေမျိုးစုမှ သေနာပတိ " ယောရိနော့ဘု” (Yo Ri No Bu) သည် မေဂျီဧကရာဇ်ဘုရင်အား နန်းပြင်အပ်၍ နန်းတက်ပြီးနောက် ၊ ရှိုဂန်အုပ်ချုပ် ရေးစနစ်နှင့် ဆာမှုရိုင်း (ခေါ်) စစ်မှုထမ်းမျိုးရိုးစနစ် ဖျက်သိမ်း၍ (၁၈၆၉) ခုနှစ်တွင် ပါလီမန်စနစ်ဖြင့် တိုင်းပြည် အုပ်ချုပ်ရေးရာအယူအဆ ဓလေ့ထုးံတမ်းများ တဖြေးဖြေးစွန့်ပယ်လာခဲ့ပြီး ဂျူဂျစ်ဆု ကိုယ်ခဲပညာများလည်း အပယ်ခံဘဝသို့ ရောက်ရှိခဲ့သည်။

JunJit Tsu ပြောင်းလဲလာပုံ

                  ထိုသို့ဂျူဂျစ်ဆု ပညာရပ်များ ပျောက်ကွယ်လုနီးပါးအချိန် (၁၈၇၆) ခုနှစ်တွင် ဂျူဂျစ်ဆု ကျောင်းတကျောင်း ဖြစ်တဲ့ " တင်ဂျင်ရှင်ယိုလ်ရူး"”( TEN JI SHIN YO RYU) ကျောင်းသို့ ခေတ်ပညာတက် (၁၆) နှစ်အရွာ်ရှိ မစ္စတာ ဂျီဂိုရိုကာနို (Ji Go Ro Kano) ဆိုသူ လူငယ်တစ်ဦးရောက်ရှိလာပြီး ဂျုဂျစ်ဆုပညာရပ်များ လေ့လာဆည်းပူးပြီးနောက် ကီတိုးဂှုး (Ki To Ryu) ကျောင်းပြောင်းပြီး ၊ ဂျုဂျစ်ဆု ပညာကိုဆက်လက်လေ့လာဆည်းပူးခဲ့ပါသည်။ မစ္စတာကာနိုသည် ခန္ဓာကိုယ်မှာသေးသွယ်သော်လည်း သူ၏ ဇွဲ၊ လုံ့လ ၊ ဝီရိယ ပငိပန်းဆင်းရဲခံပြီး ဂျူဂျစ်ဆုပညာ၏ ခက်ခဲနက်နဲသောပညာများကို တခြားကျောင်းများ၌ ဆက်လက်ဆည်းပူးသင်ကြာခဲ့ပါသည်။

                  ထိုသို့ဆက်လက်ဆည်းပူးလေ့လာနေစဉ် တိမ်ကောပျောက်ကွယ်လုနီးပါးဖြစ်တဲ့ ဂျူဂျစ်ဆု ပညာဆက်လက်ထိန်းထားရန်နှင့် ထိခိုက်အန္တရယ်များ၍ လူတိုင်းလေ့လာမသင်ကြားနှိုင်သော ဂျုဂျစ်ဆု ပညာကို ခေတ်နှင့်အညီ ဆက်လက်သင်ကြားနိုင်တဲ့ ဂျပန်လူမျိုးများအတွက် အမျိုးသားအားကစားနည်းတစ်ခုအနေဖြင့် တီထွင်ကြံဆကာ ဂျုစ်ဂျစ်ဆုပညာမှ ကောင်းနိုးရာရာများကို ထုတ်နုတ်အခြေံခံပြီး ပင်ကိုယ်အတွေးအခေါ် အကြံညဏ်များနှင့် ပေါင်းစပ် ကာသိပ္ပံနည်းကျတဲ့ ဂျိုဒိုအားကစားနည်းစနစ်ကို (၁၈၈၂) ခုနှစ်၌ အလျား (၁၈) ပေ၊ အနံ (၁၂) ပေ ရှိတဲ့ မြတ်ဖျာ (၁၂) ချပ် ခင်းထားသော “ အီရှိးဂျီ’  ဘုရားကျောင်း (EI Shogi Temple) ဝန်းရှိ အခန်းကျဉ်းထဲတွင် လူ(၉)ဦးဖြင့် စတင်ငသ်ကြားလေ့ကျင့်ခဲ့သည်။ ယင်းကစားနည်းကိုလည်း ကိုဒိုကန်ဂျုဒို (Kodokan Judo) သို့ သိမ်မွေ့နူးညံ့သော နည်းလမ်းကို သင်ကြားပေးသောကျောင်း (သို့) ပညာရပ်ဟုခေါ်တွင် စေခဲ့သည်။

                  ထိုအချိန်တွင် ဂျပန်ပြည်တိုကျိုမြို့ မက်ထရိုပိုလီတန်ရဲကျောင်းမှ ရဲတပ်ဖွဲ့ဝင်များအားဂျုဂျစ်ဆုကိုယ်ခံပညာကိုသင်ကြားပေးလျက်ရှိပါသည်။ ဂျုဒိုအားကစားပညာရပ်တို့၏ ထင်ပေါ်ကျော်ကြားမှုကြောင့် ဂျုဂျစ်ဆု နှင့် ဂျုဒိုအားကစားပညာရပ်တို့၏ အစွမ်းထက်မြက်ပုံသိရှိရန်အတွက် (၁၈၈၆) ခုနှစ်၊ နွေဦးပေါက်ချိန်တွင် မက်ထရိုပိုလီ တန်ရဲအဖွဲ့ကြီးမှ ကြီးမှုးရ်ျ တိုဆုက (To SU Ka) ဂျူ၈ျစ်ဆုကျောင်းနှင့် ကိုဒိုကန် ဂျူဒိုကျောင်း (၂) ကျောင်းတို့ ပျြုင်ပွဲကျင်းပ ပေးခဲ့ရာ တဖက် (၁၅) ဦးစီ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ကိုကိုကန်ကျောင်းမှ (၁၃) ပွဲ သရေဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ ပါသဖြင့် ဂျူဒိုအားကစားနည်း ပညာရပ်သည် ဂျပန်တဝှမ်း ထင်ပေါ်ကျော်ကြား လာခဲ့သည်။ မက်ထရိုပိုလီတန်ရဲအဖွဲ့ကြီးအားလည်း ဂျူဂျစ်ဆုပညာအစား ဂျူဒိုပညာကိုရဲအဖွဲ့သားများအား အစားထိုးသင်ကြားစေခဲ့သည်။

                  ဂျူဒိုအားကစားနည်းပညာရပ်ကို ကမ္ဘာအားကစားနည်းတရပ်အဖြစ် ထင်ပေါ်လာစေရန် မစ္စတာကာနှိုသည် ၎င်း၏တပည့်အရင်းများကို နိုင်ငံခြားသို့စေလွှတ်ခြင်း၊ ၎င်းကိုယ်တိုင်နိုင်ငံခြားသို့ သွားရောက်ဟောပြောပို့ချမှု များပြုလုပ်ခဲ့ရာ ကမ္ဘာအနှံ့အပြားသို့ ပျံ့နှံ့လျက်အပြည်ပြည်ဆိုင်ရာ အားကစားနည်းတရပ်အဖြစ်သို့ ရောက်ရှိလာခဲ့သည်။

                  ၁၉၁၁ ခုနှစ်တွင် မစ္စတာကာနို (Kano) သည် ဂျပန်နိုင်ငံကာယပညာအသင်း၏ ပထမဆုးံဉက္ကဌအဖြစ် တင်မြောက်ခံရပြီး ထိုနှစ်ထဲမှာပင် အပြည်ပြည်ဆိုင်ရာ ကမ္ဘာအိုလဲပစ်ကော်မဏီတွင် အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ၁၉၁၂ ခုနှစ် ဆွီဒင်နိုင်ငံ စတော့ဟုမ်းတွင် ကျင်းပပြုလုပ်ခဲ့သော (၅) ကြိမ်မြောက်အိုလံပစ်ပြိုင်ပွဲသို့ မစ္စတာကာနို သည်ဂျူးဒိုသမား (၂)  သွားရောက်ကာ ဂျူဒိုအားကစားပညာရပ်ကို ပြသခဲ့သည်။

                  မစ္စတာကာနိုသည် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီအဖွဲ့ဝင်အဖြစ် (၅)ကြိမ်မြောက်အိုလံပစ် အစည်းအဝေးမှ (၁၉၃၆)ခုနှစ် ၊ ဘာလင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော အိုလံပစ်အစည်းအဝေးအထိ မပျက်မကွက်တက် ရောက်ခဲ့ပြီး ဂျပန်ပြည်၏ အားကစားရေးရာနှင့် ဂျူဒိုပညာပျံ့ပွားရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ရာားကစားအိုလံပစ် အစည်းအဝေး (ICO) သို့ တက်ရောက်ပြီး ဂျူဒိုအားကစားနည်း ထည့်သွင်းကျင်းပရန် အပြည်ပြည်ဆိုင်ရာအားကစားနည်းတစ်ခုအဖြစ် အသိအမှတ်ပြုရေးအဆိုပြုခဲ့ပြီး၊ ဂျပန်ပြည်သို့အပြန် (4.5.1938) အသက် (၇၈)နှစ် (S.SH Kawa Maru) သဘောင်္ပေါ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့လေသည်။

                  မစ္စတာကာနိုအုပ်မြစ်ချခဲ့သော ဂျူဒိုအားကစားနည်းပညာကို ၎င်း၏သား ရီဘေးကာနို (Mr.Rese Kano) က အပြည်ပြည်ဆိုင်ရာအားကစားနည်းအဆင့်အထိ ရောက်အောင်ကြိုးပမ်းခဲ့ရာ ၁၉၅၁ ခုနှစ်၊ ဇူလိုင်လတွင် “ဥရောပ ဂျူဒိုယယူနီယံညီလာခံတွင် မစ္စတာ ဂျီရိုဂိုကာနို၏ သား IJF ဂျူဒိုအဖွဲ့ချုပ်ကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် သတ်မှတ်ခဲံပါသည်။ မစ္စတာရီဘေးကာနိုအား ယူနီယံ IJF ဉက္ကဌအဖြစ် ရွေးချယ်ခံခဲ့ရသည်။

                  ပထမဆုးံကမ္ဘာဂျူဒိုပြိုင်ပွဲကို ၁၉၅၆ ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံ တိုကျိုမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်း(၂၁) နိုင်ငံမှ အားကစား(၃၉) ယောက်ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။

                  ဂျိုဒိုအားကစားနည်းကို တရားဝင်အားကစားနည်းအဖြစ် ၁၉၆၀ခုနှစ်၊ သြဂုတ်လတွင် အီတလီနိုင်ငံရောမ (Romc) မြို့တွင် ကျင်းပခဲ့ရာ (၅၇) ကြိမ်မြောက် အိုလံပစ်ကော်မတီ (ICO) အစည်းအဝေးမှ တရားဝင်အတည်ပြု ဆုးံဖြတ်ခဲ့ပါသည်။

                  ကမ္ဘာ့အိုလံပစ်အားကစားသမိုင်းတွင် ပထမဆုးံအကြိမ်အဖြစ် ဂျူဒိုအားကစားပြိုင်ပွဲကို (၁၉၆၄)ခုနှစ်၊ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၈) ကြိမ်မြောက် ကမ္ဘာ့အိုလံပစ်အားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပရာ ကိုယ်အလေးချိန်စာရင်း (၃)တန် (-68kg) , (-80kg), (+ 80kg) တန်းများနှင့် အလွတ်တန်းတစ်တန်း သတ်မှတ်ယှဉ် ပြိုင်ခဲ့ပါသည်။ အလွတ်တန်းတွင် ဒိန်းမိတ်နိုင်ငံ အန်တွန်ဂီဆင်း (GKKSINK ANTON) က ပထမ ရရှိသွားပါသည်။ နောင်တွင် (၅) တန်းသတ်မှတ်ခဲ့သည်။ ကိုယ်အလေးချိန်တန်း (၇) တန်းနှင့် အလွတ်တန်း (၁)တန်းသတ်မှတ်ခဲ့သည်။

                  ယခုအခါ ကိုယ်အလေးချိန်တန်း ကျား(7+) Kata သတ်မှတ်ခဲ့သည်။ပထမဆုးံအကြိမ်အမျိုးသမီး ဂျူဒိုပြိုင်ပွဲများကို ၁၉၈၀ ခုနှစ်၊ (၂၄) ကြိမ်မြောက် ဆိုးလ် အိုလဲပစ် (SEOUL) တောင်ကိုရီးယားတွင် မိတ်ဆက်သရုပ်ပြ အဖြစ်ထည့်သွင်းကျင်းပပြုလုပ်ခဲ့ပြီး ၁၉၉၂ခုနှစ်၊ စပိန်နိုင်ငံ ဘာဆီလိုနား (BAR CELONA) အိုလံပစ် (၂၅) ကြိမ်မြောက်တွင် အမျိုးသမီးဂျူဒိုပြိုင်ပွဲများကို တရားဝင် ကျင်းပပြုလုပ်ပါသည်။ မြန်မာပြည်မှ မဖြူဖြူသန့် (-57kg) တန်းသွားရောက်ယှဉ်ပြိုင်ခဲ့သည်။

မြန်မာ့သမိုင်း

ဒုတိယကမ္ဘာစစ်ကြီးဖြစ်ချိန် (၁၉၄၁) တွင်ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသောတော်လှန်ရေးရဲဘော် သုးံကျိပ်တို့ ဂျပန်ပြည်သို့ စစ်ပညာရပ်သွားရောက်သင်ကြားခဲ့ခြင်းမှ စတင်၍ ဂျုဒိုပညာကို မြန်မာပြည်သို့ရောက်ရှိလာခဲ့ပေ သည်။ စစ်အတွင်းကာလဖြစ်၍ ထင်ထင်ရှားရှားပြန့်ပွားမှုမရှိသေးပေ။ မြန်မာပြည်လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် ဂျုဒိုပညာသည် ဂျပန်ပြည်မှ အိုက်ကီဒို၊ ဂျုဒိုနည်းပြဆရာ များမှတဆင့် မန္တလေးရဲသိပ္ပံကျောင်း၊ တပ်မတော် တပ်ကြပ်သင်ကျောင်းနှင့် ရပ်သားများထဲမှ ဝါသနာပါသူများကို သင်ကြားပြသရာ အသင်းအဖွဲ့များပေါ်ပေါက် လာခဲ့သည်။

ဂျပန်ပြည်မှ ပထမဦးစွာရောက်ရှိလာခဲံသော ဂျပန်နည်းပြဆရာများမှ ၁၉၅၃ခုနှစ် ၊ကွန် (၂၃) ရက်၊ မန္တလေးရဲ့သိပ္ပံကျောင်းအတွက် (၂)နှစ်၊  အဆင့်ရှစ်ဆင့် အသက် (၅၈)နှစ်ရှိ၊ အကီဒိုနည်းပြ ဆရာကြီး မစ္စတာအာရိမိုတိုတိုမူရာရှိဂေ့ (Mr.ARIMOTO MURASHIGE) နှင့် အဆင့် (၂) ဆင့် အသက် (၃၅) နှစ်ရှိ ဂျုဒိုနည်းပြဆရာမစ္စတာကီမိအိုခုရိုအိရှိ (Mr.KIMIO KUROISH) တို့ဖြစ်သည်။ သင်တန်းသား (၁၅)ဦး ကိုတစ်နှစ်ကြာသင်တန်းပို့ချပေးရာမှ တဆင့် ၊ မြန်မာပြည်တွင် ဂျုဒိုပညာရပ်များ တစ်စတစ်စပြန်ပွားလာပြီး (၁၉၅၅) တွင် မင်္ဂလာဒုံရှိ တပ်မတော်တပ်ကြပ်သင်တန်းတွင် ဂျပန်ပြည်မှ နည်းပြဆရာဌားရမ်းသင်ကြားပေးခြင်း၊